စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ကျေးရွာတချို့မှာ သြဂုတ် ၂၂ ရက် နေ့လယ်က စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူတွေ အိမ်မှာမနေရဲဘဲ ထွက်ပြေးနေကြရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက လူငယ်တချို့ကို ရိုက်နှက်ခဲ့တဲ့အပြင် ဒေသခံတွေရဲ့ ပစ္စည်းတွေလည်း လုယက်ယူသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါ။
“နေ့လယ် ၁၁ နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ်တွေ အင်အား ၁၀၀ ခန့်လောက်က အရပ်ဝတ်တွေနဲ့ ရွာတွေထဲ ဝင်လာတယ်။ ရွာထဲက လူငယ်တချို့ကို ရိုက်နှက်တာတွေအပြင် မင်းမအနောက်ရွာနဲ့ ကျေးနင်းရွာတို့က ဆန်၊ ဆီ အပါအဝင် ပစ္စည်းတွေလည်း ယူဆောင်သွားတာတွေ ရှိတယ်။ စစ်ကောင်စီတပ်တွေ ဝင်လာတာကြောင့် ကျေးရွာ ၅ ရွာလောက်က ပြည်သူတွေ ထွက်ပြေးနေကြရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေကြောင့် မင်းမအနောက်ရွာ၊ သီတင်းရွာ၊ ကံကြီးရွာ၊ ကျေးသများရွာ၊ ကျေးနင်းရွာ စတဲ့ ကျေးရွာက ပြည်သူတွေ ထွက်ပြေးနေကြရပြီး စစ်ကောင်စီတပ်တွေက မင်းမအနောက်ရွာ စာသင်ကျောင်းမှာ တပ်စွဲမယ့်အနေအထားရှိနေလို့ ဒေသခံတွေက စိုးရိမ် ထိတ်လန့်နေကြပါတယ်။