Home
မြန်မာသတင်း
ဝိုင်းမော် ဘူးဂါးလျှပ်စစ်ဓာတ်အား‌ပေးလုပ်ငန်းက ဝန်ထမ်း ၅ ဦး ပြန်လွတ်
DVB
·
August 19, 2021
238642869_135877962057861_9023548558864723987_n

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဘူးဂါးလျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းက ဝန်ထမ်း ၅ ယောက်ကို ဩဂုတ် ၁၉ ရက်မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ နီးစပ်သူ တွေဆီက သိရပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဝန်ထမ်း စုစုပေါင်း ၆ ယောက် အနက် ၅ ယောက်ပြန်လွတ်လာတာဖြစ်ပြီး ကျန်တစ်ဦးကို ဘာကြောင့် ဆက်လက်ထိန်းသိမ်းထားတယ်ဆိုတာ မသိရဘူးလို့ ဘူးဂါးလျှပ်စစ်ဓာတ်အား‌ပေးလုပ်ငန်း ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ဆေးဖို့ ဆက်လက်ထိန်းသိမ်းခံထားရတဲ့ ၀န်ထမ်းမှာ ဆယ်ကျော်သက်အရွယ်  ကချင်လူငယ် ဆိုင်းဂူ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝိုင်းမော်မြို့ရှိ ဘူးဂါးလျှပ်စစ်က ဝန်ထမ်းတွေကို ဩဂုတ် ၉ ရက် ညသန်းခေါင် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့၀င် ရဲနဲ့ စစ်သားတွေက အင်အားအလုံးအရင်းနဲံ ၀င်ရောက်စီးနင်း ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ၁၀ ရက်အကြာမှာ အခုလို ပြန်လွတ်လာတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024