ကယားပြည်နယ်မှာ ဇွန် ၂၉ ရက်မှ ဩဂုတ် ၁၅ ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၁၀၅ ဦး ရှိပြီး သေဆုံးသူ ၅၁ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပိုးတွေ့သူတွေထဲက လွိုင်ကော်မြို့နယ်က ၇၇၂ ဦး၊ ဖရူဆိုးမြို့နယ်က ၆ ဦး၊ ဘောလခဲမြို့မှာ ၅၆ ဦး နဲ့ ဖားဆောင်းမြို့နယ်မှာ ၂၇၁ ရှိကြောင်း ဖော်ပြထားပါတယ်။
သေဆုံးသူ ၅၁ ထဲမှာတော့ လွိုင်ကော်မြို့နယ် ၄၇ ဦး၊ ဖရူဆိုးမြို့နယ်က ၁ ဦးနဲ့ ဖားဆောင်း မြို့နယ်က ၃ ဦး ဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ပိုတွေ့သူတွေထဲမှာ ၆၉၃ ဦးဆေးရုံကနေ ဆင်းပြီး ၃၆၀ ဦးကတော့ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။
ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်နေတဲ့ ဖားဆောင်းမြို့နယ် မော်ချီး (လိုခါးလို) ဒေသကို မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) အဖြစ် ဩဂုတ် ၃ ရက်က သတ်မှတ်ကြေညာထားပြီး ဒီကနေ့အထိ Stay at home သတ်မှတ်ထားဆဲဖြစ်ပါတယ်။