မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ သြဂုတ် ၁၄ ရက် ညနေ ၃ နာရီက စားဝတ်နေရေး အခက်အခဲရှိသူတွေအား မျှဝေခြင်းလှူဒါန်းခြင်းအစီအစဉ်မှာ အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းက သိရပါတယ်။
မြို့ခံအလှူရှင်တွေ စုပေါင်းလှူဒါန်းထားတာဖြစ်ပြီး မြန်မာနိုင်ငံလူမှု့ကယ်ဆယ်ရေးအဖွဲ့ (မတ္တရာမြို့) နဲ့ ထာဝရမေတ္တာရှင်သွေးလှူရှင်အသင်းတို့ကတဆင့် အမှန်တကယ်စားဝတ်နေရေး အခက်အခဲရှိသူတွေကို ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ၊ ကြက်ဥ စတဲ့ အခြေခံစားသောက်ကုန်တွေကို လှူဒါန်းတာပါ။
သြဂုတ် ၁၄ ရက်က မတ္တရာမြို့ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက် နဲ့ အမှတ် ၅ ရပ်ကွက်အတွင်းမှာ စားဝတ်နေရေးခက်ခဲနေတဲ့ အိမ်ထောင်စု ၁၅၀ စုကို လှူဒါန်းပေးခဲ့ပြီး သြဂုတ် ၁၅ ရက်မှာတော့ အမှတ် ၁ ရပ်ကွက်နဲ့ ၂ ရပ်ကွက်တို့က အိမ်ထောင်စု ၂၀၀ ကိုလည်း ဆက်ပြီး လှူဒါန်းသွားမယ်လို့ သိရပါတယ်။