မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ် ၄၁ လမ်း၊ လမ်း ၉၀ နဲ့ ၉၁ကြားမှာ ဩဂုတ် ၁၃ ရက် ဒီနေ့ ည ၇ နာရီလောက်က ကြံ့ခိုင်ရေးပါတီဝင် အမျိုးသားတစ်ယောက် ဦးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရရှိသွားပါတယ်။
သေနတ်နဲ့ ပစ်ခံရသူဟာ သံလျှက်မော်အနောက်ရပ်ကွက်နေ ကိုမြင့်သူဆိုသူဖြစ်ပြီး လမ်းဘေး ခွေးတွေကို အစာကျွေးနေတဲ့အချိန် အမျိုးသား နှစ်ယောက်က သေနတ်နဲ့ လာရောက်ပစ်ခဲ့တာလို့ သိရပါတယ်။
“ပစ်ခံရသူက ကြံ့ခိုင်ရေးပါတီဝင်ပဲ။ လူနာတင်ကားနဲ့ ဆေးရုံကိုတော့ ပို့လိုက်တာတော့တွေ့တယ်။” လို့ စိန်ပန်းရပ်နေ ဒေသခံတစ်ဦး က ပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရသူမှာ ဦးခေါင်းရှပ်ထိဒဏ်ရာ ရရှိခဲ့ပြီး မန္တလေး ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။
သေနတ်ပစ်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီလက်နက်ကိုင်တွေရောက်လာပြီး ခြိမ်းခြောက်ပစ်ခတ်တာတွေ လုပ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။