Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရဲစခန်းရှေ့ ဗုံးပေါက်ကွဲ
DVB
·
August 13, 2021
Untitled-1-18

ဒီပဲပင်းမြို့နယ်၊ ဆိုင်ပြင်မြို့ ရဲစခန်းရှေ့မှာ ဩဂုတ်လ ၁၃ ရက်နေ့ မနက် ၆ နာရီ အချိန်က ဗုံတစ်လုံးပေါက်ကွဲခဲ့တယ်လို့ စိုင်ပြင်မြို့နေ ပြည်သူတွေဆီက သိရပါတယ်။

“ရဲစခန်းရှေ့ ဗုံးပေါက်ကွဲသွားတာ မနက် ၆ နာရီကပေါ့။ အသံကတော့ အတော်ပြင်းတယ်ဗျ။ မြေကြီးတွေပါ တုန်သွားတယ်။ အပျက်အစီးနဲ့ အထိအခိုက်စာရင်းကတော့ လောလောဆယ် ဘာမှ မသိရသေးဘူး။ ဗုံးပေါက်ကွဲပြီး ဒီကောင်တွေ ပထမက သေနတ်အချက် ၃၀ ကျော်လောက် ရမ်းပြီး ပစ်တာတွေ ရှိတယ်။ အခုတော့ ကျနော်တို့ ဒီပဲယင်းမြို့ အလယ်ခေါင်ကနေ သွားတဲ့လမ်းကို ပိတ်ပြီးတော့ လာသမျှလူတွေ အကုန်စစ်နေတာ” လို့ ဆိုင်ပြင်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စိုင်ပြင်မြို့ဟာ ဒီပဲယင်းမြို့နယ်နဲ့ ဘုတလင်မြို့အကြား‌ မုံရွာ၊ ဘုတလင်၊ ရေဦးလမ်းမပေါ် မှာတည်ရှိတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013