Home
မြန်မာသတင်း
ဝိုင်းမော်တွင် တစ်ရက်တည်း ကိုဗစ်-၁၉ လူနာ ၃ ဦး သေဆုံး၊ စုစုပေါင်း ၂၃ ဦးရှိလာ
DVB
·
August 11, 2021
COVID-19 Waing Maw 1
COVID-19 Waing Maw 2

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဩဂုတ် ၁၀ ရက်နေ့ တစ်ရက်တည်း ကိုဗစ်လူနာ ၃ ဦး သေဆုံးခဲ့ပြီး သေဆုံးသူစုစုပေါင်း ၂၃ ‌ဦးထိရှိလာပြီလို့ သိရပါတယ်။

ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာက ၂၀ ကျော် ထပ်တိုးတွေ့ရှိတာကြောင့် စုစုပေါင်း  ၆၅၀ ကျော်ရှိလာပြီလို့ မြို့နယ်ကုသရေး ဦးစီးဌာန တာ၀န်ရှိသူတွေဆီကနေ သိရပါတယ်။

မဒိန်ကျေးရွာက ဆီးချိုရောဂါအခံရှိတဲ့ ကချင်အမျိုးသမီးကြီး ၁ ဦး၊ ရက်ကွက် ၄ က အဖွားအို ၁ ဦးနဲ့  ဝါးရှောင်ကျေးရွာက ၁၉ နှစ်အရွယ် ကုန်ကားမောင်း လူငယ် ၁ ဦးတို့ သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေကို နေ့ချင်းပြီး သက်ဆိုင်ရာ ဘာသာရေးထုံးတမ်းနဲ့အညီ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

ဝိုင်းမော်မြို့မှာ ကိုဗစ်တတိယလှိုင်းအတွင်း ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၆၅၀ ကျော်ရှိလာပြီလို့ မြို့နယ်ကုသရေးဦးစီးဌာန ဒေါက်တာသိန်းမြို့ဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013