ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း အောက်လလောက်မှာ သြဂုတ် ၁၀ ရက် ဒီနေ့ ညနေက ဆန္ဒပြတဲ့လူငယ်တွေဆိုပြီး စစ်ကောင်စီလက်နက်ကိုင်တပ်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ လူငယ် ၅ ဦး တိုက်ပေါ်မှ ခုန်ချထွက်ပြေးစဉ် ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
တိုက်ခေါင်မိုးပေါ်တက်ပြေးရင် ခုန်ချရာက အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး သေဆုံးသွားတာဖြစ်ပြီး ကျန်တဲ့ ဒဏ်ရာရ လူငယ် ၂ ယောက်ကိုတော့ စစ်အုပ်စုက ဆေးရုံကားနဲ့ ဖမ်းဆီးဖော်ဆောင်သွားတယ်လို့ အနီးဝန်းကျင်က မျက်မြင်တွေ့သူတွေက ပြောပါတယ်။
မြို့နယ်သပိတ်ခေါင်းဆောင်တစ်ဦးကလည်း “သတင်းပေးလို့ ဝင်ဖမ်းတာထင်တယ်။ လိပ်စာအကျနဲ့လာတာ၊ ပိတ်ဖမ်းတဲ့သဘောပဲ၊ ကလေးတွေ တိုက်ပေါ်က ခုန်ချတာ ၃ ဦးသေ သွားတယ်။ ကျန်တဲ့ကလေးတွေလည်း ကျိုးပဲ့ကုန်ကြတယ်။ ဆေးရုံကားနဲ့ ခေါ်သွားတယ်။ ဒလန် လက်ချက်အတိအကျပါပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့တွေ လမ်းထဲကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ဖမ်းဆီးခဲ့တာလို့လည်း သိရပါတယ်။
ခုန်ချသေဆုံးတဲ့ လူငယ် ၅ ဦးရှိတယ်လို့ သတင်းတွေထွက်နေပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
photo - crd