စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့အတွက် မန္တလေးမြို့မှာ လူထုသပိတ်စစ်ကြောင်း ၉ ဖွဲ့ ပေါင်းစည်းပြီး မန္တလေးသပိတ်အင်အားစု ဖွဲ့စည်းကြောင်း သြဂုတ် ၈ ရက်က ကြေညာပါတယ်။
မန္တလေးမြို့ပေါ်ရှိ မြေပြင်သပိတ်တိုက်ပွဲ စစ်ကြောင်းတွေကို စစ်တပ်က ဖိနှိပ်အကြမ်းဖက်ဖြိုခွင်းမှုတွေ အင်အားမြှင့် လုပ်ဆောင်လာတာကြောင့် မြေပြင်သပိတ်တိုက်ပွဲတွေ ပိုမိုအားကောင်းစေဖို့နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေ အင်အားမြှင့်လုပ်ဆောင်နိုင်ဖို့ မန္တလေးသပိတ်အင်အားစုကို ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
မန္တလေးသပိတ်အင်အားစုမှာ သံဃာသမဂ္ဂသပိတ်စစ်ကြောင်း၊ မန္တလေးမဟာမိတ်တပ်ပေါင်းစု၊ မြတောင်သပိတ်၊ မန္တလာတက္ကသိုလ်ကျောင်းသားကျောင်းသူများသပိတ်၊ ချမ်းမြသာစည်မြို့နယ် လူထုသပိတ်၊ မဟာအောင်မြေမြို့နယ်လူထုသပိတ်၊ မန္တလေးလူငယ်သပိတ်၊ အ.လ.က (၁၂) ထခွဲ အခြေခံပညာကျောင်းသားများသမဂ္ဂ(အကသ) နဲ့ LGBT သပိတ် စတဲ့ သပိတ်စစ်ကြောင်းတို့ စုပေါင်းထားတာလို့ သိရပါတယ်။