Home
မြန်မာသတင်း
တောင်တွင်းကြီး အိုးပေါက်ရွာတွင် စာသင်ကျောင်းလုံခြုံရေးအတွက် အဓမ္မလုပ်အားခိုင်းစေ
DVB
·
August 7, 2021
234109933_1151753445318664_4753861770815881866_n

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာက စာသင်ကျောင်းလုံခြုံရေးဆိုပြီး ကျေးရွာလူထုကို နေ့စဉ်အလှည့်ကျ ကင်းစောင့်ပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်နဲ့ သူရဲ့လက်ပါးစေတွေက အဓမ္မခိုင်းစေမှုများ ပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတွဆီက သိရပါတယ်။

ကျေးရွာဒေသခံတဦးက ''အခုလဆန်းပိုင်းကတည်းကမနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း ၁၀ ဦးစောင့်ရပြီး၊ ညနေ ၆ နာရီကနေ မနက် ၆ ဦးအထိ ၁၀ ဦးစီအလှည့်ကျ ကျောင်းလုံခြုံရေးလို့ပြောပြီး စောင့်ခိုင်းနေတာ'' လို့ ပြောပါတယ်။

အိုးပေါက် အ.မ.က ကျောင်းပိတ်ထားပေမယ့် အိုးပေါက်ရွာမနဲ့ အိုးပေါက်ဘူတာကျေးရွာက ဒေသခံတွေ နေ့ညအလှည့်ကျ ကင်းစောင့်နေရတယ်လို့ ကင်းစောင့်နေရတဲ့ ဒေသခံတဦးကပြောပါတယ်။

"ကျောင်းမှာ ကိုဗစ်ကြောင့်ပိတ်ထားပါတယ်။ ကလေးတွေမရှိဘဲ စောင့်ခိုင်းနေတာပါ။ အိုးပေါက်အုပ်စုကျွေးရွာက ညစောင့်ရပြီး ရွာခွဲဖြစ်တဲ့ အိုးပေါက်ဘူတာကျေးရွာက နေ့ပိုင်းစောင့်ရတာပါ။ ရွာသားတွေမှာ အခုချိန် အလုပ်အကိုင်ရှားပါးနေတာ သိလျက်နဲ့ ကင်းစောင့်ခိုင်းနေတာဟာ အာဏာရှိကြောင်း ကြွားဝါနေတာ" လို့ပြောပါတယ်။

အိုးပေါက်ကျေးရွာအုပ်စုမှာ ကိုဗစ်-၁၉ ကာလအတွင်း အပြင်ထွက်ခွင့် ကတ်တခုကို ၁၅၀၀ ကျပ်နဲ့ ရောင်းချမှုတွေပြုလုပ်နေပြီး၊ ကျောင်းလုံခြုံရေးမလာသူတွေရဲ့ နေအိမ်တွေကို သတိပေးစာပို့တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024