ကျိုင်းတုံမြို့နယ်မှာ ငွေကျပ်သန်း ၂ သောင်း ကျော်တန်ဖိုးရှိ အိုက်စ်(မက်သာအဖက်တမင်း) တွေ ဖမ်းဆီးရမိခဲ့ပြီး ယာဥ်မောင်းကတော့ လယ်ကွင်းထဲ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ မြန်မာနိုင်ငံ မူးယစ်နဲ့ တားမြစ်ဆေး ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ဆေးရေး ပူးပေါင်းအဖွဲ့ဟာ ဩဂုတ် ၄ ရက် မနက် ၄ နာရီအချိန်လောက်မှာ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-ဝမ်တာပုံသွားကားလမ်း၊ ၁၃ မိုင်နားမှာ ဝမ်တာပုံဘက်ကနေ ကျိုင်းတုံဘက်ကို မောင်းနှင်လာတဲ့ VIGO အမျိုးအစားမော်တော်ယာဉ်ကို သတင်းအရရှာဖွေဖို့ ရပ်တန့်ခိုင်းခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီကားဟာ လမ်းဘေး လယ်ကွင်းထဲကို မောင်းပြီး ယာဉ်မောင်းက ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။
ကားပေါ်မှာ ရှာဖွေတဲ့အခါ ကျောပိုးအိတ်တွေထဲကနေ ဒေသကာလတန်ဖိုး ၂၂ ဘီလီယံကျော် (ကျပ်သန်းပေါင်း ၂၂၀၀၀ ကျော်) တန်ဖိုးရှိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း) ၁,၁၁၃ ကီလိုသိမ်းဆည်းရမိခဲ့တာကြောင့် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်နေတယ်လို့လည်း ဆိုပါတယ်။