Home
မြန်မာသတင်း
ကံမမြို့နယ်တွင် ဝင်ငွေနည်း မိသားစုများ စားဝတ်နေရေး အခက်ခဲကြုံနေ
DVB
·
August 4, 2021
231767499_2635647240070054_5311147264975406670_n

မကွေးတိုင်းဒေသကြီး ကံမမြို့နယ်မှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း ဝင်ငွေနည်း မိသားစုတွေ စားဝတ်နေရေး အခက်ခဲတွေဖြစ်နေကြတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ကံမမြို့မှာ လူဦးရေ ၇၅ ရာခိုင်နှုန်းလောက်က တစ်နေ့လုပ်တစ်နေ့စား ဝင်ငွေနည်း မိသားစုတွေဖြစ်ပြီးပြီး စားဝတ်နေရေး အခက်ခဲတွေကြုံတွေ့နေရပြီးတော့ ပြည်သူအများစုဟာ ကိုဗစ်တတိယလှိုင်းမတိုင်ခင်ကတည်းက ဆန်ပြုတ်ပြုတ်သောက်၊ ဆန်ခွဲတွေကို ချက်ပြုတ်စားသောက်နေရတယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

ယခင်ပရဟိတလုပ်ခဲ့တဲ့သူတွေကလည်း အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်လို့ အဖမ်းခံရတဲ့ သူတွေနဲ့ ဖမ်းဝရမ်းထုတ်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ သူတွေနဲ့ဆိုတော့ ပရဟိတအဖွဲ့လုပ်ဆောင်ချက်တွေ မရှိသလောက်နည်းပါးသွားတယ်လို့ ဆိုပါတယ်။

ကိုဗစ်တတိယလှိုင်းမှာ ရောဂါကူးစက်နှုန်းတွေမြင့်တက်လာပြီး သေဆုံးတဲ့သူတွေပါရှိလာ တာကြောင့် အကြမ်းဖက်စစ်အုပ်စုကို အယုံကြည်မရှိတဲ့ကြားက အရဲစွန့်ပြီးတော့ အောက်ဆီဂျင်ရှာဖွေပေးတာတွေ၊ လူနာသယ်တာတွေနဲ့ အလောင်းကောက် သင်္ဂြိုဟ်တာတွေတော့ ဝင်လုပ်ပေးနေကြတယ်လို့ ပရဟိတအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ပရဟိတလုပ်ကိုင်လိုစိတ်ရှိသူတွေ လိုအပ်နေပြီးတော့ အခြားမြို့နယ်တွေမှာလို ပြည့်စုံတဲ့သူ တွေက အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ ကြက်သွန်၊ ကြက်ဥ၊ ကုလားပဲ စတာတွေကို အမြန်ဆုံးထောက်ပံ့လှူဒါန်ပေးစေလိုတယ်လို့ ဆိုပါတယ်။

ကံမမြို့နယ်ထဲမှာ ဇွန်လ ၄ ရက်နေ့ကနေ သြဂုတ် ၂ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၃၀၂ ယောက်တွေရှိခဲ့ပြီးတော့ ၅ ယောက်သေဆုံးကာ ၁၈၁ ယောက်ကတော့ ပြန်လည်ကျန်းမာလာတာကြောင့် ဆေးရုံဆင်းခွင့်ရရှိပြီလို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024