ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြမှုနဲ့ ငါးလကြာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ CDM မူလတန်းကျောင်းအုပ်ဆရာမတစ်ဦး ဩဂုတ်လ ၂ ရက် နေ့လယ်က မြစ်ကြီးနားအကျဥ်းထောင်မှ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ဆရာမ ဒေါ်လငန်လွမ်းနောဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဝိုင်းမော်မြို့မှာ စစ်အုပ်ချုပ်ရေးနဲ့ စစ်အာဏာရှင် အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြတွေမှာ ပါဝင်ခဲ့ကာ ဖေဖော်ဝါ ၂၇ ရက်နေ့ ဆန္ဒပြပွဲ ဖြိုခွင်းခံရပြီးနောက် ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဆရာမကြီးဟာ ဖမ်းဆီးထိန်းသိမ်းခံရစဉ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့၀င်တွေရဲ့ စေ့စပ်ညှိနှိုင်းမှုကို လက်မခံဘဲ စစ်အာဏာရှင်ကို ပြတ်သားစွာဆန့်ကျင်ကန့်ကွက်ခဲ့တယ်လို့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။
ဆရာမကြီးနဲ့အတူ ဆန္ဒပြလှုပ်ရှားမှုမှာ ပါ၀င်တဲ့ CDM ၀န်ထမ်း ၉ ဦးကိုလည်း အမှုရုပ်သိမ်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။