Home
မြန်မာသတင်း
မွန်ပြည်နယ်က CDM ကျောင်းဆရာမ ၂ ဦး ပြန်လွတ်
DVB
·
August 2, 2021
227160073_1668477423483186_509724182763878170_n

မွန်ပြည်နယ်မှာ CDM လုပ်ဆောင်ထားတဲ့ ကျောင်းဆရာမ ၂ ဦးကို ဒီကနေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်နယ်အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီကျောင်းဆရာမ ၂ ဦးကိုတော့ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထိန်းသိမ်းပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် အရေးယူခံထားရသူတွေဖြစ်ပါတယ်။ 

ကျောင်းဆရာမ ၂ ဦးကိုတော့ အာဏာသိမ်း စစ်တပ်က ကျိုက်မရောဗဟိုအကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားပြီးနောက် ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ CDM ဝန်ထမ်းတွေ အပါအဝင် ကျောင်းသူ၊ကျောင်းသားတွေနဲ့ အပြစ်မဲ့ပြည်သူတွေ ၄၀၀ ကျော်ကို အာဏာသိမ်း စစ်တပ်က ဖမ်းဆီးထိန်းသိမ်းပြီး အမှုဖွင့်အရေးယူထားပါတယ်။

ပြည်နယ်အတွင်းမှာ  ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကလည်း စစ်တပ်က ဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူ ၂၆ ဦး ပြန်လွှတ်ပေးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024