Home
မြန်မာသတင်း
မုံရွာမြို့တွင် ရဲတစ်ဦး ပစ်သတ်ခံရ
DVB
·
August 2, 2021
Mon Ywa

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ သြဂုတ် ၂ ရက်နေ့ မနက် ၈ နာရီက ရဲတစ်ဦး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “အခုမနက်ခင်း ဈေးဝယ်အပြန် သူ့ကို သေနတ်နဲ့ ပစ်သတ်သွားတယ်။ သူက အမှတ် ၂ နယ်မြေရဲစခန်းက ရဲတပ်သား ရဲဇော်ဖြစ်တယ်” လို့ ပြောပါတယ်

အသတ်ခံရတဲ့ ရဲဟာ မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲတွေမှာ အသွင်ယူကာ လိုက်လံဆန္ဒပြခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။

ရဲတပ်သား ရဲဇော်ကို သူတို့အဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ကြောင်း Monywa The Boys အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024