မန္တလေးတိုင်း၊ မတ္တရာမြို့၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဇူလိုင် ၂၉ ရက် မနက် ၁၁ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်တာကြောင့် ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေးကားတစ်စီးနဲ့ တင်ဆောင်သွားပြီး ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာရရှိသူတွေဟာ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေဖြစ်တယ်လို့သိရပြီး သူတို့ရဲ့အမည် တွေကိုတော့ မေးမြန်းအတည်ပြုလို့ မရသေးပါဘူး။ မတ္တရာမြို့မှာ အခုလိုဗုံးပေါက်ကွဲမှုဖြစ်ပွားတာ ၇ ကြိမ်လောက် ရှိသွားပြီဖြစ်ပါတယ်။