ကယားပြည်နယ်မှာ ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၂၉ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၂၈ ဦးနဲ့ သေဆုံးသူ ၁၈ ဦး ရှိပြီလို့ ပြည်နယ်ကျန်းမာရေးဌာနရဲ့ ဖော်ပြချက်အတွေအရ သိရပါတယ်။
ပိုးတွေ့ရှိသူတွေထဲမှာ လွိုင်ကော်မြို့က ၄၄၆ ဦး၊ ဖရူဆိုမြို့က ၆ ဦး၊ ဘောလခဲမြို့ ၁၅ ဦးနဲံ ဖားဆောင်းမြို့က ၅၈ ဦး၊ စုစုပေါင်း ပိုးတွေ့ရှိသူ ၅၂၈ ဦးဖြစ်ပါတယ်။
သေဆုံးသူ ၁၈ ဦးမှာတော့ လွိုင်ကော်မြို့က ၁၇ ဦးနဲ့ ဖရူဆိုမြို့က ၁ ဦးတို့ဖြစ်ပြီး သက်သာပျောက်ကင်းလို့ ဆေးရုံဆင်းသူ ၁၃၉ ဦးနဲ့ ဆေးရုံတက်ရောက်ဆဲ ၃၇၁ ဦး ကျန်ရှိကြောင်း ကျန်းနယ်ကျန်းမာရေးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ကယားပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်မှုတွေဖြစ်တဲ့အထဲက လူနေသိပ်သည်းပြီး ရွှေ့ပြောင်းလုပ်သား အများစုနေထိုင်တဲ့ ခဲသတ္တုထွက်ရှိရာ ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာတော့ လွန်ခဲ့တဲ့ တပတ်လောက်ကစပြီး ကိုဗစ်-၁၉ ကူးစက်မှုတွေ စတင် ဖြစ်ပွားရာ အခုဆို လူ ၅၀ကျော် ကူးစက်ခံနေရပါတယ်။
ကျန်းမာရေးဌာနရဲ့ ဖော်ပြချက်အရ ဖားဆောင်းမြို့နယ်အတွင်း ပိုးတွေ့လူနာ ၉၇ ဦးရှိပြီး ၆ ဦးကို ဖားဆောင်းမြို့နယ်ဆေးရုံ၊ ၉ ဦးကို လိုခါးလိုတိုက်နယ်ဆေးရုံနဲ့ ၄၂ ဦးကို လိုခါးလို အထက Positive Medical Centre မှာ ထားရှိကုသပေးနေတယ်လို့ ဖော်ပြပါတယ်။
ကိုဗစ်-၁၉ ရောဂါ စတင်ပြန့်ပွားချိန်ကစပြီး ဇန်နဝါရီ ၃၁ ရက်နေ့အထိ ကယားပြည်နယ်မှာ ပိုးတွေ့လူနာ ၁၁၂ ဦးရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် တတိယလှိုင်းကာလ ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၂၉ ရက်နေ့အထိ တလအတွင်း ကိုဗစ်တည်ပြုလူနာ ၅၂၈ ဦးနဲ့ သေဆုံးသူ ၁၈ ဦး ရှိလာတာဖြစ်ပါတယ်။