Home
မြန်မာသတင်း
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကုတ်မြို့ပေါ် ရေကြီးရေလျှံ
DVB
·
July 27, 2021
225392521_148352984074494_4124324309053714065_n
225096060_148352730741186_8104956927477483534_n
224860374_2887120571602847_7792892476860172876_n
223764650_148352867407839_8923927900249741975_n
222743080_148352527407873_6131170277115787327_n
222712329_148352827407843_4038065513889795535_n
222357437_148352780741181_7767675992877822447_n
221691779_148352927407833_6857767429304232225_n
221614595_148352644074528_1034474654699508041_n
219417650_148352600741199_4149539318343497464_n

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ ဇူလိုင် ၂၅ ရက်နေ့ကစတင်ပြီး မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ရေကြီးရေလျှံကာ မြို့ပေါ်ရှိ ရပ်ကွက်တချို့မှာ နေအိမ်အောက်ထပ်တွေကို ရေဝင်ရောက်တာတွေနဲ့ လမ်းတွေကို ရေကျော်တာတွေရှိနေပါတယ်။  

တောင်ကုတ်ချောင်းရေဟာလည်း တဖြည်းဖြည်းမြင့်တက်လာနေတဲ့အတွက် တောင်ကုတ်ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ တောင်ကုတ်မြို့ခံ တစ်ယောက်က ပြောပါတယ်။

“မိုးက မနေ့ညကစပြီးတော့ တအားရွာပြီးတော့ ချောင်းရေဟာလည်း တက်လာနေတယ်၊ ကျနော်တို့ ချောင်းကောက်ရပ်ကွက်ဟာဆိုရင်လည်း ချောင်းရေကြီးမှ ရေဝင်တာတွေရှိတယ်။ အခုကတော့ ချောင်းရေကြီးလာတဲ့အတွက် တချို့နေရာတွေဆိုရင်မြုပ်နေပြီ။ ကံပိုင်တို့ တိမ်တောင်တို့ဆိုရင် တောင်ကျရေကြီးမှ ရေမြုပ်တာ၊ အခုကစည်ပင်ကလည်း အမှိုက်တွေလာမသိမ်းတော့ အိမ်နောက်ဖေးမှာရှိတဲ့ မြို့ဝင်ချောင်းမှာ စွန့်ပစ်ကျတာများတော့ မြို့ဝင်ချောင်းထဲကို တောင်ကျရေတွေဆင်းပြီးတော့ တောင်ကုတ်ချောင်းထဲဆင်းမဲ့ ရေစီးရေလာမရှိတော့ အဲဒီရပ်ကွက်ဆိုရင်လည်း မိုးရေကြီးတာနဲ့မြုပ်နေပြီ။”လို့ ဒေသခံက ပြောပါတယ်။ 

ပန်းတောင်း- တောင်ကုတ်ကားလမ်းမကြီးဆိုရင်လည်း ရေကျော်သွားပြီး မိုးရွာတာလည်း မရပ်တဲ့အတွက် တောင်ကုတ်ချောင်းရေဆက်တက်လာပါက  အဲဒီနားမှာ ကွက်သစ်ချပေးထားတဲ့ လူနေအိမ်တွေ ရေကြီးရေမြုပ်မယ့်အန္တရာယ် စိုးရိမ်တယ်လို့လည်း ပြောပါတယ်။

တောင်ကုတ်ပြည်သူ့ဆေးရုံသစ်ကို သွားတဲ့လမ်းမှာရှိတဲ့ တံတားငယ်တစ်စင်းကို ဖြိုဖျက်ပြီး ကွန်ကရစ်တံတားသစ်အဖြစ် ပြန်လည်ဆောက်လုပ်နေဆဲဖြစ်လို့ လက်ရှိတောင်ကုတ်မြို့မှာ ဒေသခံတွေအနေနဲ့ ဆေးရုံကို သွားလာဖို့အပါအဝင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

တောင်ကုတ်မြို့ဟာ ပြီးခဲ့တဲ့ ၅ နှစ်ကျော်လောက်ကလည်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေနဲ့ ချောင်းရေတွေမြင့်တက်ခဲ့တာကြောင့် မော်တော်ဆိပ်အနီးမှာရှိတဲ့ နေအိမ်တချို့နဲ့ စျေးဆိုင်ခန်းတချို့ ပျက်စီးဆုံးရှုံးခဲ့ပြီး နေအိမ်တွေနဲ့ လမ်းတွေပေါ်မှာလည်း ရွှံ့နွံတွေဖုံးသွားခဲ့ဖူးပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024