Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကူးစက်ခံရသည့် ထိုင်းနိုင်ငံသားအချို့ တာချီလိတ်တွင် ပိတ်မိ
DVB
·
July 26, 2021
378382-90235709_2735818746558181_5473652733162553344_o-730x365

       ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတဲ့ ထိုင်းနိုင်ငံသားတချို့ဟာ နေရပ်မပြန်နိုင်ပဲ တာချီလိတ်မြို့မှာ ပိတ်မိနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

လတ်တလော နေရပ်မပြန်နိုင်ပဲ ပိတ်မိနေသူ ၉ ယောက်ထဲက ၈ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပြီး သူတို့ထဲက ၇ ယောက်ကတော့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဖြစ်ပါတယ်။

မယ့်ဖာလွမ်တက္ကသိုလ်၊ ဒေသတွင်း ရွှေ့ပြောင်းလုပ်သားများစင်တာက ညှိနှိုင်းရေးမှူး ဆူးဘ်ဆခွန် ခစ်နခွန်က အသက် ၂၃ နှစ်ကနေ ၃၃ နှစ်ကြား အဆိုပါ ထိုင်းနိုင်ငံသား ၉ ယောက်ဟာ တာချီလိတ်မြို့က ဖျော်ဖြေရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ဖို့ တရား မဝင်နယ်စပ်ဖြတ်ကျော်ခဲ့ကြတာလို့ ဆိုပါတယ်။

တာချီလိတ်မြို့မှာတော့ အခုလအစောပိုင်းကစတင်ကာ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှုတွေ မြင့်တက်လာတာကြောင့် မြန်မာအစိုးရက မြို့ကို လော့ခ်ဒေါင်းချထားပြီး ညမ ထွက်ရအမိန့်ထုတ်ပြန်ခဲ့တာမို့ ဝင်ငွေမဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက်တော့ သူတို့ဟာ အခန်းတခန်းစုပေါင်းငှားရမ်းနေထိုင်ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ သောကြာနေ့က ဖျားနာပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှု လက္ခဏာတွေ ပြလာခဲ့ တာမို့ အလုပ်ရှင်ကို ရောဂါရှိမရှိ စစ်ဆေးပေးဖို့တောင်းဆိုခဲ့ကြတာပါ။

စစ်ဆေးချိန်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရတဲ့ ၅ ယောက်ကို ဆေးရုံမှာ တက်ရောက်ကုသစေပြီး ကျန်တဲ့သူတွေကိုတော့ ကွာရန်တင်းဝင်ခိုင်းထားတယ်လို့ သိရပါ တယ်။

လတ်တလောမှာတော့ တာချီလိတ်မြို့မှာ ပိတ်မိပြီး သောင်တင်နေကြတဲ့ ထိုင်းနိုင် ငံသားတွေဟာ ရန်ကုန်မြို့က ထိုင်းသံရုံးဆီ နေရပ်ပြန်ခွင့်ရရေး အကူအညီတောင်းခံထား ကြတာပါ။

       ချင်းရိုင်အာဏာပိုင်တွေရဲ့ အဆိုအရ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကနေ နေရပ်ပြန်ဖို့ စောင့်ဆိုင်းနေတဲ့ ထိုင်းရွှေ့ပြောင်းလုပ်သား အယောက် ၂၀ လောက် ရှိနေတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024