ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၃ ဦးကို ဇူလိုင် ၂၅ ရက်နေ့မှာ ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။
မြန်မာအလုပ်သမား ၃ ဦးဟာ မြဝတီမြို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၁) အနီးကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ သောင်ရင်းမြစ်ကို စက်လှေနဲ့ဖြတ်ကူးသွားပြီး ထိုင်းနိုင်ငံဘက် အရောက်မှာ ထိုင်းစစ်တပ်က ကိုဗစ်ကာကွယ်ရေး လုံခြုံရေးကင်းလှည့်ချိန်တွေ့ရှိလို့ ဖမ်းဆီးထိန်းသိမ်းသွားတာပါ။
အလားတူ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တရားမဝင်ခိုးသွင်းမယ့် FORD အနီရောင်ကားတစ်စီးကိုလည်း နယ်စပ်ဖြတ်ကူးချိန်မှာ ထိုင်းစစ်တပ်က မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။ ယာဉ်မောင်းကတော့ ကားပေါ်ကနေဆင်းပြီး မြန်မာနိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်သွားပါတယ်။