Home
မြန်မာသတင်း
မွန်ပြည်နယ်မှာ အချုပ်သား ၁၀၀ ကျော် လွှတ်ပေး
DVB
·
July 23, 2021
217725107_1660958884235040_4444252315648001837_n
214358874_1660958844235044_4706258034618312533_n
212442427_1660958920901703_3339211869462897643_n
219995433_1660959000901695_9158819447194491723_n
218967225_1660958794235049_490115740777302536_n
218917810_1660958964235032_1674738162838292935_n

မွန်ပြည်နယ်မှာ အမှုရင်ဆိုင်နေရတဲ့ အချုပ်သား ၁၀၀ ကျော်ကို ဇူလိုင် ၂၂ ရက် ညပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက  ဒီဗွီဘီကို ပြောပါတယ်။

ပြန်လွှတ်ပေးခဲ့တဲ့ အချုပ်သား ၁၀၃ ဦးဟာ ခိုးမှု၊ လောင်းကစားမှုနဲ့ မူးယစ်ဆေးဝါးမှုနဲ့ အမှုရင်ဆိုင်နေရတဲ့သူတွေ အများစု ပါဝင်တယ်လို့ ဆိုပါတယ်။

ပြန်လွှတ်ပေးခဲ့တဲ့ အချုပ်သားတွေဟာ မော်လမြိုင်အချုပ်ထောင်၊ ကျိုက်မရောအကျဉ်းထောင်နဲ့ သထုံအချုပ်ထောင်တွေမှာ အမှုရင်ဆိုင်ဖို့ ချုပ်နှောင်ခံထားရသူတွေ ဖြစ်ပါတယ်။

ဒါအပြင် ဒီကနေ့ ဇူလိုင် ၂၃ ရက်နေ့မှာလည်း အချုပ်သားတချို့ကို ပြန်လွှတ်ပေးဖို့ ရှိနေပြီး စာရင်းအတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အာဏာမသိမ်းခင်ဖမ်းဆီးတရားစွဲ အမှုရင်ဆိုင်နေရတဲ့ အချုပ်သားတွေကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နိုင်ရေးအတွက် သက်ညှာစွာ  အမှုပိတ်သိမ်းပေးခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က  မွန်ပြည်နယ်တစ်ခုလုံးအနေနဲ့ အကျဉ်းသား ၃၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024