မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တစ်ဘက်ကမ်း မဲဆောက်မြို့အခြေဆိုက် ရွှေ့ပြောင်းအလုပ်သမားများ ကျန်းမာရေးအတွက် အားကိုးရတဲ့ မယ်တော်ဆေးခန်းမှာ ကိုဗစ်ပိုးကူးစက်မှုတွေ့ရှိလို့ ယာယီပိတ်ထားပါတယ်။
မယ်တော်ဆေးခန်းမှာ ဇူလိုင်လ ၁၀ ရက်နေ့ကစပြီး ဆေးကုပေးနေတဲ့ ဆရာ ဆရာမတွေ ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဆေးခန်းပိတ်ထားရကြောင်း၊ ဆေးခန်းမှာ မဲဆောက်မြို့အနှံ့ ဆေးလာကုတဲ့ သူတွေများတဲ့အတွက် ဘယ်နေရာမှာ ကိုဗစ် ကူးစက်ခံရတယ်ဆိုတာ မသိရသေးပါဘူး။
ထိုင်းအခြေစိုက် မယ်တော်ဆေးခန်းမှာ ဆေးကုသပေးတဲ့ ဆရာ/မ အယောက် ၂၀၀ ကျော်တဲ့အနက် အယောက် ၉၀ လောက် ကိုဗစ်ကူးစက်ခံပြီး ဆေးခန်းပြင်ပမှာ နေထိုင်တဲ့ ဆရာ/မတွေ လူနေဆောင်နဲ့ တန်းလျားကိုလည်း လူအဝင်အထွက် ပိတ်ထားပါတယ်။
မယ်တော်ဆေးခန်းမှာ အခြားသူနာပြုနဲ့ ဆရာဝန်တွေလည်း ကာကွယ်ဆေးထိုးထားပေမယ့် ကိုဗစ်ကူးစက်ခံရတာကြောင့် ဆေးခန်းကို ဇူလိုင် ၂၅ ရက်နေ့မှ ပြန်လည်ဖွင့်နိုင်မယ်လို့ သိရပါတယ်။