စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ဇူလိုင် ၁၉ ရက် ညပိုင်းက ဆိုင်ကယ်စီးလာသူ လူငယ် ၃ ဦး စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “အခုညပိုင်း ၇ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က ပစ်သတ်သွားတယ်။ သူတို့ဘာသာ ဆိုင်ကယ်စီးလာတာပါ၊ ဆိုင်ကယ်တစ်စီးတည်း ၃ ယောက်စီးလာတာကို သေနတ်နဲ့ပစ်သတ်သွားတယ်၊ ရွှေဘိုမြို့ သံလမ်းဆုံမှာဖြစ်ပွားခဲ့တာ။” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး ကျန် ၂ ဦးကတော့ ရွှေဘိုပြည်သူဆေးရုံမှာ အခြေအနေ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။