Home
မြန်မာသတင်း
ဘောလခဲမြို့နယ်တွင် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေ
DVB
·
July 19, 2021
217013216_922206705309540_1511482782190799366_n
216845264_922207051976172_5899001811127452492_n
211760743_922206831976194_7969367489383968388_n
210130838_922206965309514_419808878122667720_n

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်းမှာ ဇူလိုင် ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာ ကရင်နီတပ်မတော် (KA)၊ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီး တော်ခူကျေးရွာသစ်နဲ့ ကလိလျားကျေးရွာကြားမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တို့က ခုခံတိုက်ခိုက်ခဲ့လို့  တိုက်ပွဲ‌တွေ ဖြစ်ပွားခဲ့တာလို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီ တပ်မ ၆၆ က ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းမှာ နန်းဖဲကျေးရွာကို ရောက်ရှိ တပ်စွဲထားရာကနေ ညနပိုင်းမှာ တော်ခူကျေးရွာသစ်ဘက်ကို စစ်တင်ထိုးစစ်ဆင်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်ခဲ့တာကြောင့် ကရင်နီ ပူးပေါင်းတပ်တို့က ပြန်လည် ခုခံတိုက်ခိုက်ခဲ့တလို့ ဆိုပါတယ်။

အလားတူ ဇူလိုင် ၁၉ ရက်နေ့ မနက် ၁၀ နာရီလောက်မှာလည်း ကလိလျား ကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို မနက် ၁၁ နာရီခန်လောက်မှာလည်း ဘောလခဲမြို့ရှိ တပ်ရင်းကနေ ကလိလျားရွာအနီး တဝိုက်ကို တာဝေးပစ်အမြှောက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြ ရပါတယ်။

ဘောလခဲမြို့နယ်၊ နန်ဖဲကျေးရွာအနီးက ကျွန်းပင်ကုန်းအဆင်းမှာ ကရင်နီတပ်မတော် (KA)၊ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)  ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား  ဇူလိုင် ၁၆ ရက် မွန်လွဲပိုင်းကလည်း နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024