ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေတယ်လို့ ဇူလိုင် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး အနောက်တောင် မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တိုမှာ အားအသင့်အတင့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိုးရွာသွန်းမှုအခြေအနေကတော့ စစ်ကိုင်းတိုင်း ( အောက်ပိုင်း)၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းမှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်၊ ရှမ်း၊ ချင်းနဲ့ ကယားပြည်နယ်မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ ၇ ရက်မှ ၉ ရက်ခန့်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ၃ ရက်မှ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းပါတယ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာတော့ ဇူလိုင် ၁၀ ရက်နေ့က အပူချိန် ၃၆ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် အထိ နှစ်ပေါင်း ၂၀ လောက်အတွင်း အမြင့်ဆုံး အပူချိန် စံချိန်တင်ခဲ့တယ်လို့လည်း မိုးဇလက ထုတ်ပြန်ထားပါတယ်။