မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ဇူလိုင် ၈ ရက် ဒီကနေ့မနက် စစ်ကားတစ်စီးက ဝင်တိုက်လို့ ဆိုင်ကယ်စီးလာတဲ့ သတို့သားလောင်း တစ်ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မုန်းဇလဲကျေးရွာသား ကိုနိုင်လင်းဦးဟာ ဆိုင်ကယ်စီးလာစဉ် ရှောက်တောလမ်းဆုံ အရောက်မှာ စစ်ကားကဝင်တိုက်သွားတဲ့အတွက် ဒဏ်ရာအပြင်းထန်ရရှိကာ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။
ဆိုက်ကယ်တိုက်ခံရတဲ့ ကိုနိုင်လင်းဦးရဲ့ ဒဏ်ရာပြင်းထန်းတဲ့အတွက် ပွင့်ဖြူဆေးရုံကနေ မကွေးဆေးရုံကို လွှဲပြောင်းပေးဖို့ စီစဥ်နေတယ်လို့ ဆိုပါတယ်။
ကိုနိုင်လင်းဦးဟာ မနက်ဖန် ဇူလိုင် ၉ ရက်နေ့မှာ မင်္ဂလာဆောင်ဖို့စီစဉ်ထားတဲ့ သတို့သားလောင်းလည်း ဖြစ်ပါတယ်။
စစ်ကားဟာ စလင်းမြို့ကနေ ပွင့်ဖြူမြို့ဘက်ကို လာတာမှာ ဝင်တိုက်သွားတာဖြစ်ပြီးတော့ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။