မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းမှာ ဇူလိုင် ၆ ရက်နေ့က စစ်ရှောင်စခန်းရှိ ဆိုင်ကယ်တွေကို စစ်တပ်က ယူဆောင်သွားပြီး တချို့ကို မီးရှို့ဖျက်ဆီးပစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတစ်ဦးက “စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဆက်တိုက်ဖြစ်နေတယ်။ စစ်ရှောင်စခန်းမှာ ထောက်ပံ့သုံးနေတဲ့ စစ်ဘေးရှောင်တွေရဲ့ ဆိုင်ကယ်တွေကို ယူသွားကြတာ။ တချို့ကိုလည်း လမ်းမှာ မီးရှို့ပြီး ကောင်းမယ်ထင်တဲ့ဟာတွေ ယူသွားတာနေမှာပေါ့။ တော်တော်လေး ယုတ်မာကြတာဗျာ” လို့ ပြောပါတယ်။
စစ်ရှောင်စခန်းကနေ စစ်ကောင်စီတပ်တွေ ယူဆောင်သွားတဲ့ ဆိုင်ကယ်အစီး ၂၀ ကျော်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။