မွန်ပြည်နယ် ရေးမြို့မ ရဲစခန်းအတွင်းမှာ ဇူလိုင် ၄ ရက် မနက် ၁၁ နာရီအချိန်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခု ရဲစခန်းအတွင်း ဗုံးပေါက်ကွဲသံတခုကြားတယ်” လို့ အနီးအနား ရှိနေသူတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေ မရှိပေမယ့် အနီးအနား နေထိုင်တဲ့ ဒေသခံတွေကတော့ ဗုံးပေါက်ကွဲသံကြားပြီး စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရေးမြို့နယ် ကနင်ကမော့ ကျေးရွာရှိ Mytel တိုင်ဝါတိုင် ဗုံးပေါက်ကွဲခဲ့ပါတယ်။
ရေးမြို့နယ်အတွင်း အခုတကြိမ်အပါအဝင် ဗုံးပေါက်ကွဲမှု ၁၆ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး အရပ်သားအနည်းဆုံး ၅ ဦး ထိခိုက်ဒဏ်ရာခဲ့တယ်လို့ သိရပါတယ်။