စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) နဲ့ ကေအိုင်အေ မဟာမိတ်တပ်တို့ ပူးပေါင်းပြီး ဇူလိုင် ၂ ရက်နေ့က စစ်ကား ၂ စီးကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂ ရက် ည ၁၁ နာရီခွဲက ထီးချိုင့်မြို့နယ်၊ ဂွေးပင်တောင်လမ်းပိုင်းမှာ စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ စီးနင်းလာတဲ့ စစ်ကား ၂ စီးကို တိုက်ခိုက်ခဲ့တာကြာင့် ၁ စီး ပျက်စီးပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ လောက် ကျဆုံးခဲ့တယ်လို့ HPDFက ဇူလိုင်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်သား အများအပြားလည်း ထိခိုက် ဒဏ်ရာရသွားပြီး HPDF နဲ့ KIA မဟာမိတ်တပ်တွေဘက်ကတော့ အထိအခိုက် အကျအဆုံး လုံးဝမရှိဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေကို HPDF နဲ့ KIA တို့ ပူးပေါင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။