Home
မြန်မာသတင်း
ကနီမြို့နယ် ရွာသာကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ပွားနေ
DVB
·
July 1, 2021
202412442_188511689889459_1279661207636893928_n

ကနီမြို့နယ်ရွာသာ ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တို့ ဇူလှိုင်လ ၁ ရက်နေ့ ညနေ ၅ နာရီကျော်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒေသလုံခြုံရေးအဖွဲဝင်တစ်ဦးက "စစ်ကောင်စီတပ်တွေက သခွတ္တနယ်ကျေးရွာမှာ စစ်ကားတွေထားပြီးတော့ တော နင်းလာတယ်ဗျ။ အဲအချိန်ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတ်တိုက်တွေဆုံပြီး တိုက်ပွဲဖြစ်ပွားနေတယ်။ အခုအချိန်အထိ လက်နက်ပစ်သံတွေ ကြားနေရတယ်။ လက်နက်ကြီးသံတွေဗျ။ အနီးအနားကကျေးရွာတွေကတော့ ထွက်ပြေးနေကြပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဘုတလင်မြို့နယ်ကနေ သခွတ္တနယ်အထိ ကားနဲ့လာရောက်ကာ ကနီမြို့နယ်ဘက်ကို ခြေလျင်တောနင်း ရှာဖွေတာတွေ ပြုလုပ်လို့ ဒေသခံကာကွယ်ရေတပ်နဲ့ ထိပ်တိုက်တွေစုံကာ အခုလိုတိုက်ပွဲဖြစ်ပွားရတာပါ။ 

စစ်ကောင်စီဘက်က အင်အား ၃၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။ 

တိုက်ပွဲအခြေအနေနဲ့ နှစ်ဖက် ကျဆုံး ဒဏ်ရာရမှု စာရင်းကို သိရှိနိုင်ဖို့ DVB က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024