စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်ဖို့အတွက် ပေါင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) နဲ့ မဟာမိတ်အဖြစ်ပူးပေါင်းကြောင်း ရေးမြို့နယ်ကာကွယ်ရေးအဖွဲ့ (FYDF) က ဇူလိုင် ၁ ရက်မှာ အသိပေးကြေညာပါတယ်။
ဇွန် ၂၈ ရက်နေ့ ပြုလုပ်တဲ့ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ဘုံသဘောတူညီချက်များ ချမှတ်ပြီး တူညီတဲ့ ရည်ရွယ်ချက်နဲ့ ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်တွေအတိုင်း မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းဖို့နဲ့ စစ်အာဏာရှင်စနစ် အကြွင်းမဲ့ ချုပ်ငြိမ်းရေးအတွက် မြို့နယ်အသီးသီးက ပြည်သူ့ကာကွယ်ရေးအဖွဲ့အားလုံးနဲ့ လက်တွဲ ဆောင်ရွက်သွားဖို့ လမ်းစဉ်ချမှတ်ထားကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။