Home
မြန်မာသတင်း
ဗန်းမော်ခရိုင်၌ ၂ ရက်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈ ဦးတွေ့ရှိ
DVB
·
July 1, 2021
210208038_1262516350870758_3713211316565240188_n

ကချင်ပြည်နယ် ဗန်းမော်ခရိုင်မှာ ဇွန် ၂၈ ရက်နေ့က ၂ ရက်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈ ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဗန်းမော်ခရိုင်မှာ သူနာပြုဆရာမနဲ့ သားစုဝင် ၄ ဦး၊  ရွှေကူ လမ်းဆုံမှာ ကားသမားတို့အား

ကိုဗစ်ပိုးစတွေ့ပြီးနောက်ပိုင်း ဇွန် ၃၀ ရက်နေ့ထိ ၂ ရက်အတွင်း ပိုးတွေ့ရှိသူအရေအတွက် ၁၈ ဦးထိရှိလာပြီလို့ ဗန်းမော်ပြည်သူဆေးရုံမှ သူနာပြုဆရာမတစ်ဦးက အတည်ပြုပါတယ်။

တချို့ ပိုးကူးစက်ခံရသူတွေဟာ ဗန်းမော်မြို့နယ်၊ မံစီမြို့နယ်၊ ရွှေကူမြို့နယ်၊ ဒေါ့ဖုန်းယာန်နဲ့ ရွာအချို့ကဖြစ်ပြီး တချို့မှာ ခရီးဝေးကနေ ပြန်လည်ရောက်ရှိလာတဲ့သူတွေဖြစ်ကာ အဝေးပြေးကားဒရိုင်ဘာနဲ့ ကားနောက်လိုက်စပယ်ယာအထိပါဝင်နေပြီး ဆက်စပ်လူနာတွေ များပြားနိုင်တယ်လို့ သိရပါတယ်။

ကျန်းမာရေးအသိပညာပေးတွေကို ညဘက်တွေမှာ ကားတွေနဲ့ လှည့်လှည်ကြေညာနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ပိုးတွေ့ရှိသူအရေအတွက် များလာပေမယ့် မြို့နေလူထုတွေ ကျန်းမာရေေ အသိပညာနည်းပါးတာနဲ့ ဂရုတစိုက်နေထိုင်သွားလာတာတွေ မလုပ်ကြသလို Mask တပ်သူနည်းပါးနေပြီး တချို့ကူးစက်ခံရသူအချို့မှာ ကျောင်းသားအချို့ပါဝင်တာကြောင့် ကျောင်းတက်နေသူ သားသမီးတွေအတွက် စိတ်ပူတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

အိမ်ရှင်မတစ်ဦးက “တချို့စျေးရောင်းတဲ့ ဆိုင်တွေကတော့ Mask တပ်ပြီး Mask မ တပ်လာသူတွေကိုလည်း ဝေငှတာတွေ့ရတော့ စိတ်ချမ်းသာပေမယ့် ဆိုင်တွေတော်တော်များများကတော့ Mask လည်းမတပ်ဘူး၊ စျေးလာဝယ်သူတွေ အများစုကလည်း မတပ်လာကြဘူး၊ နောက်ခါ Mask တပ်ပြီးစျေးရောင်းတဲ့ဆိုင်ကပဲဝယ်တော့မယ်” လို့ ပြောပါတယ်။

ဗန်းမော်ခရိုင်မှာ စစ်အာဏာမသိမ်းခင်ကထိ ကိုဗစ်ပိုးတွေ့ရှိသူ အရေအတွက်ဟာ မိုးမောက်မြို့နယ် လွယ်ဂျယ်မှာ တာဝန်ကျ သူနာပြုဆရာမတစ်ဦးသာ ကူးစက်ခံခဲ့ရပြီး ဗန်းမော်ဆေးရုံကြီးမှာ ကုသပျောက်ကင်းခဲ့ပြီးဖြစ်ကာ ခု ဇွန်လကုန်ပိုင်းမှာ ၂ ရက်အတွင်း ကူး စက်မှုနှုန်းမြင့်မားခဲ့တာပဲဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024