ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဥ်းထောင်မှ ပန်းချီဆရာ ဦးသက်နောင် အပါဝင် ၅၂ ဦး ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပြီး ပုဒ်မ ၅၀၅ (က) (ခ) စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့သူတွေထဲကနေ ပုသိမ်အကျဥ်းထောင်ကနေ အမျိုးသား ၄၅ ဦးနဲ့ အမျိုးသမီး ၇ ဦး ပြန်လည်လွတ်မြောက်လာတာပါ။
ပြန်လည်လွတ်မြောက်လာတဲ့အထဲမှာ ပုသိမ်မြို့ခံ ပန်းချီ ဆရာ ဦးသက်နောက်နဲ့ တိုင်းဧရာပေစ့်ရဲ့ သတင်းထောက် မရွှေရည်ဝင်းလည်း ပါဝင်လာတယ်လို့ သူတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချိန်မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကတည်းက ဖြိုခွင်းခံခဲ့ရတဲ့အထဲ အဖမ်းခံခဲ့ရတဲ့ သံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်းတော့ ပါဝင်လာခြင်း မရှိသေးပါဘူး။