ပုသိမ်မြို့၊ အ.ထ.က (၂) ကျောင်းမှာ ဇွန်လနောက်ဆုံးပတ်က ကျောင်းသား တစ်ဦး ကိုဗစ်ရောဂါပိုးတွေရှိခဲ့တာကြောင့် ဇူလိုင် ၁ ရက်နေ့ကစတင်ပြီး ၁၂ ရက်နေ့အထိ ယာယီ ကျောင်းပိတ်မယ်လို့ သိရှိရပါတယ်။
ပုသိမ်မြို့မှာ ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာပြီးနောက်ပိုင်း ပိတ်သိမ်းခြင်းဖြစ်ပါတယ်။
ဒေသခံတစ်ဦးက "ကိုဗစ် အခုအရမ်းများနေတာ ကျောင်းတွေ မပိတ်ဘူး၊ ကိုဗစ်က လူစုလူဝေးနဲ့ဆို ပိုပြီးကူးစက်တာလေ၊ သူတို့ ဘယ်သူဘာဖြစ်ဖြစ်ဆိုပြီးလုပ်နေတာ၊ အခု ပုသိမ်ဆို နေရာစုံ ရောဂါပြန့်နေတာ" လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ ကျောင်းတွေမှာ ကိုဗစ် ရောဂါကူးစက်မှုရှိပေမယ့် Mask တပ်ပြီး သင်ကြားဖို့ စစ်ကောင်စီက ဇွန် ၂၅ ရက်နေ့မှာ ညွန်ကြားထားကြောင်း သိရှိရပါတယ်။