Home
မြန်မာသတင်း
မွန်ပြည်နယ်အဝင် ကိုဗစ်ရောဂါပိုး ရှိ မရှိ စတင်စစ်ဆေး
DVB
·
June 30, 2021
208918267_1643727495958179_8142910485337718345_n

မွန်ပြည်နယ်အဝင် ကျိုက်ထိုမြို့နယ် စစ်တောင်းတံတားဂိတ်မှာ ဇွန် ၃၀ ရက်နေ့ကစပြီး ကိုဗစ်ရောဂါပိုး ရှိ မရှိ စတင် စစ်ဆေးနေပြီလို့ ကိုဗစ်အရေး ကူညီနေသူတွေက DVB ကို ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးရာမှာ ပြည်နယ်အတွင်း ဝင်ရောက်သူ မည်မဆို ကိုယ်အပူချိန်တိုင်းတာ၊ SPO 2 အောက်စီဂျင် စစ်ဆေးတာနဲ့ နေရပ်လိပ်စာတွေကိုပါ စာရင်းကောက်ယူနေတာပါ။

ရောဂါပိုး စစ်ဆေးရာမှာ ကိုယ်အပူချိန် မြင့်တက်နေသူတွေကို RTD နဲ့ စစ်ဆေးနေကာ ရောဂါပိုးတွေ့ရှိပါက သက်ဆိုင်ရာဆေးရုံတွေမှာ တက်ရောက်ကုသမှု ခံယူရမှာဖြစ်ပြီး ရောဂါပိုးမတွေ့တဲ့သူတွေကိုတော့ ကွာရန်တင်း ဝင်စရာမလိုဘဲ သွားလာနိုင်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီလက်အောက်လက်ခံ ကျန်းမာရေးနဲ့ အာကစားဝန်ကြီးဌာနက နေအိမ်အတွင်းနေထိုင်ဖို့ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေကလာသူတွေ မည်သူမဆို ကွာရန်တင်း ဝင်ရမှာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024