မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ပြည်ညောင်ရွာမှာ ဇွန် ၂၉ ရက်ညနေက ကိုယ်အပူချိန်မြင့်မားနေတဲ့ ဘိလပ်မြေစက်ရုံဝန်ထမ်း ၅ ဦးကို RDT test kit နဲ့ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"စက်ရုံမှာ ကိုယ်အပူချိန်တိုင်းတော့ အပူချိန်မြင့်နေလို့ သာစည်မြို့နယ်ဆေးရုံမှာ စစ်ခိုင်းတာ ကိုဗစ်-၁၉ positive အဖြေထွက်တယ်။ ဆေးရုံသီးသန့်အဆောင်မှာပဲ ဆေးကုနေတယ်။"
သာစည်မြို့နယ် ပြည်ညောင်ရွာရှိ ဘိလပ်မြေစက်ရုံက အငယ်တန်းစာရေး ဝန်ထမ်းအမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦးနဲ့ လက်ထောက်အင်ဂျင်နီယာ အမျိုးသား ၁ ဦး ပေါင်း ၅ ဦးမှာ ကိုဗစ်ပိုးတွေ့ခဲ့တာလို့ သိရပါတယ်။
မိတ္ထီလာခရိုင်ထဲမှာ ကိုဗစ်အတည်ပြုလူနာ သာစည်က ၇ ဦး၊ မိတ္ထီလာ ၁၁ ဦး၊ မလှိူင် ၉ ဦး၊ ဝမ်းတွင်း ၆ ဦး၊ စုစုပေါင်း ၃၃ ဦးရှိပြီလို့ သိရပါတယ်။