ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့ ပညာရေးမှူးရုံးနဲ့ ကျောင်းတွေအနားမှာ ဇွန်လ ၂၉ ရက် မနက်က ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး လူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။
အမှတ် ၁ အထက်တန်းကျောင်းရှေ့မှာ ဗုံး ၁ လုံး၊ ကျောင်းအနောက်ဘက်မှာ ဗုံး ၁ လုံး ပေါက်ကွဲပြီး ပညာရေးမှူရုံးအနီးမှာ ဗုံး ၁ လုံး စုစုပေါင်း ဗုံး ၃ လုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
မြို့ခံတစ်ဦးက “အမှတ် ၁ အထက်တန်းကျောင်းအတွင်းနဲ့ မြို့နယ်ပညာရေးမှူးရုံးနားမှာ မနက် ၁၀ နာရီ ၄၅ မိနစ် လောက်က ဗုံးက ၃ လုံးပေါက်တယ်။ ကျောင်းသားတွေ ပြန်လွှတ်နေတယ်။ စာသင်ကျောင်းရှေ့နဲ့ စားသောက်ဆိုင်ရှေ့ ကင်းရုံနားမှာ ပေါက်တဲ့အလုံးမှာ ထိတာ ပြည်သူ ၄ ဦး ထိခိုက်တယ်”လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် ကျိုက်လတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးတင်းကျပ်ချထားပြီး စစ်ဆေးနေပါတယ်။