ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေအနားမှာ ဇွန် ၂၇ ရက်နေ့ မနက်ပိုင်းက ကမ်းတင်နေတဲ့ လင်းပိုင် ၂ ကောင်ကို ပင်လယ်ထဲပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ရွှေသောင်ယံမြို့၊ အမှတ် ၃ ရပ်ကွက်အပိုင်ထဲက ဂျိုင်ကြီးကမ်းခြေမှာ မနက် ၆ နာရီလောက်က ဒေသခံတွေ တွေ့ရှိခဲ့တာပါ။
ဒေသခံတွေက တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့လို့ ဒေသအာဏာပိုင်အုပ်ချုပ်ရေးအဖွဲ့နဲ့ ငါးလုပ်ငန်းဌာနကတာဝန်ရှိသူတွေ လာကြည့်ပြီး မနက် ၈ နာရီ ၄၅ မိနစ်လောက်မှာ ရေထဲပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ကမ်းလာတင်တဲ့ လင်းပိုင်တွေဟာ ၁ ကောင်မှာ အလျား ၆ ပေ ၁ လက်မရှိပြီး နောက် ၁ ကောင်က အလျား ၆ ပေ ၃ လက်မရှိကာ သူတို့ကို စက်လှေနဲ့တင်ဆောင်ပြီး ပင်လယ်ရေနက်ပိုင်းကို သွားပြန်လွှတ်ခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။