ကလေးမြို့တွင် ကိုဗစ်လူနာတစ်ဦး စင်တာပေါ်မှ ခုန်ချသေဆုံး
DVB
·
June 27, 2021
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇွန် ၂၆ ရက်နေ့က ကိုဗစ်လူနာတစ်ဦး ကိုဗစ်စင်တာပေါ်ကနေ ခုန်ကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။
“အခုခုန်ချတဲ့သူက ကိုဗစ်စင်တာက ကိုဗစ်လူနာတွေထားတဲ့ ၃ ထပ်တိုက်ကနေ ခုန်ချတယ်။ အဲဒီ ကိုဗစ်လူနာအမျိုးသားက စိတ်ဖောက်ပြန်နေတယ်။ ဒီမနက် ၁၁ နာရီကျော်က ခုန်ချပြီး သေဆုံးသွားတယ်” လို့ ပရဟိတလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
ကလေးမြို့ဆေးရုံ စာရင်းတွေအရ ဇွန် ၂၆ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၂၂ ယောက်နဲ့ သေဆုံးသူ ၃၀ ရှိပြီလို့ သိရပါတယ်။