စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ပုလဲမြို့က မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဇွန် ၂၆ ရက်က စစ်ကောင်စီအကြမ်းဖက်တပ်တွေ ဝင်ရောက်ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်ရှိ မြို့နယ် NLD ပါတီရုံးကို ဇွန်လ ၂၆ ရက် နေ့လယ်ပိုင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင် အင်အား ၁၀၀ လောက်က ဝင်ရောက်ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
ရုံးထဲကို သေနတ်နဲ့ အသံဗုံးတွေ ပစ်ဖောက်ကာ မှန်တံခါးတွေ၊ ခန်းဆီးလိုက်ကာနဲ့ အခြားပစ္စည်းတွေကို ဖျက်ဆီးသွားကြပါတယ်။
ပုလဲမြို့နယ် ပုလဲ-ဂန့်ဂေါ်လမ်းပေါ်မှာ ဇွန် ၂၅ ရက်ကလည်း စစ်ကောင်စီကား ၃ စီး မိုင်းထိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီနေ့မှာလည်း ပုလဲမြို့နယ်အတွင်းက နေရာတချို့မှာ သေနတ်ပစ်ဖောက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဟာ ပုလဲမြို့နယ်ထဲက ကန့်ဒေါင့်၊ မင်းတိုင်ပင်၊ လက်ပုကန် စတဲ့ ကျေးရွာတွေကို သေနတ်ပစ်ဖောက် ဝင်ရောက်တာတွေ ရှိတယ်လို့ သိရပါတယ်။