မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၅၃ လမ်း နဲ့ ၅၄ လမ်းကြား၊ ၁၂၃ လမ်း နဲ့ ၁၂၄ လမ်းကြားမှာ ဇွန်လ ၂၆ ရက် မနက်ပိုင်းက အကွက်မှူး တစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
အကွက်မှူး ဦးညိုအေး (၆၄)နှစ်ဟာ ဆိုင်ကယ်စီးနေတဲ့အချိန် အမည်မသိ လူ ၁ ဦးက ဓားနဲ့ထိုးတဲ့အတွက် ဝဲတတောင်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်အလယ် ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ပါတယ်။
ဦးညိုအေးကို လူမှုကူညီရေးအသင်းက ဆေးခန်းပို့ဖို့ လုပ်ဆောင်နေတဲ့အချိန်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဇွန် ၂၅ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ် ၅၉ A လမ်း၊ ၁၁၄ လမ်း မှာ USDP ပါတီဝင် တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါသေးတယ်။