ဒီပဲယင်းမြို့နယ်က ကုန်မာဆိုင်ရှင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
DVB
·
June 26, 2021
ဒီပဲယင်းမြို့နယ်၊ ညောင်လှစံပြကျေးရွာမှာ ဇွန်လ ၂၅ ရက်နေ့မနက် ၁၀ နာရီအချိန်လောက်က သဇင်မိုး ကုန်မာဆိုင်ပိုင်ရှင် ဦးနုတင်ကို ဈေးဝယ်လာသူ အမည်မသိနှစ်ဦးက သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဈေးဝယ်လာသူနှစ်ဦးက သေနတ်နဲ့ တစ်ချက်ပဲ ပစ်သွားတယ်လို့ ကြားတယ်။ ရင်ဘတ်ပွင့်ပြီး သေသွားတာ။ သူက ဒလန်လို့ နာမည်ကြီးနေတာလေ။ ဈေးဝယ်ဟန်ဆောင်ပြီး လာပစ်သွားတာ၊ ဘယ်သူတွေဆိုတာတော့ မသိဘူး။”
ဒီပဲယင်းမြို့နယ်အတွင်းမှာ အခုလို ဒလန်လို့ နာမည်ကြီးသူတွေ အကြမ်းဖက်စစ်တပ် ထောက်ခံသူတွေကို အသတ်ခံရတာ ၁၀ ဦးထက်မနည်းရှိသွားပြီ ဖြစ်ပါတယ်။