Homeမြန်မာသတင်း
ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့သည့် ၄၅ နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကလေးမြို့တွင် ဆန္ဒပြ
ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့သည့် ၄၅ နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကလေးမြို့တွင် ဆန္ဒပြ
DVB
·
June 26, 2021
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇွန် ၂၆ ရက်နေ့ မနက်အစောပိုင်းက ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့တဲ့ ၄၅ နှစ်ပြည့် ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
“ကျနော်တို့ ပြည်သူတွေ စစ်အာဏာရှင်အောက်မှာ ဘယ်တော့ ဒူးမထောက်ဘူး၊ အာဏာရှင်မဖြုတ်တဲ့ထိ လက်ဆက်တိုက်ပွဲဝင်ဖို့ ပြည်သူတွေ တိုက်တွန်းချင်တယ်” လို့ ဆန္ဒပြရာမှာ ပါဝင်သူတဦးက ပြောပါတယ်။
ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းအတွက်လည်း အလေးပြုခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။