Home
မြန်မာသတင်း
ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၃ ဦး သေဆုံး
DVB
·
June 25, 2021
203614915_2864485183866386_8722776555919016389_n

စစ်ကိုင်း ကလေးမြို့မှာ ဇွန် ၂၄ ရက်နေ့ မနက်ပိုင်းက ကိုဗစ်-၁၉ လူနာ ၃ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

“မနေ့က မနက်ပိုင်းမှာ ၃ ဦး သေဆုံးတယ်။ မနေ့က ကိုဗစ်ပိုးလာစစ်သူ ၆၆ ယောက်ရှိတယ်၊ ကျနော်တို့ RDT Test kits စစ်ဆေးတယ်။ အဲဒီထဲမှာပိုးတွေ့တာ ၃၃ ယောက်ရှိတယ်” လို့ ကလေးမြို့ပရဟိတ လုပ်သူတစ်ဦးကပြောပါတယ်။

ကလေးမြို့မှာ ဇွန်လ ၂၅ ရက်နေ့ထိ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၃၂ ဦးရှိပြီး ဆေးရုံစာရင်းတွေမဟုတ်ဘဲ အပြင်မှာ ကိုဗစ်ကြောင့် သေဆုံး ၃၀ ဝန်းကျင်လောက်ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ကျနော်တို့ ကလေးမြို့မှာ ကိုဗစ်ရောဂါ အခြေအနေအတော်ဆိုးနေပြီ။ အခုထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့ စိုးရိမ်စရာဖြစ်နေတယ်။” 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024