Home
Lead Story
မိတ္ထီလာနှင့်သာစည်တွင် သံဃာ ၂ ပါးအပါအဝင် ၅ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
June 25, 2021
199146251_3612804268858564_6251035367599793678_n

မန္တလေးတိုင်း မိတ္ထီလာနဲ့သာစည်မြို့နယ်တို့မှာ ဇွန် ၂၄ ရက်က သံဃာ ၂ ပါး နဲ့ ၂နှစ်ခွဲ ကလေးငယ်အပါဝင် ၅ ဦးမှာ ခရီးသွာရာဇဝင်မရှိဘဲ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“မိတ္ထီလာလာက ဆရာတော် ၂ ပါးနဲ့ အဲဒီကျောင်းတိုက်က အမျိုးသား တစ်ဦးတို့ကို စစ်ဆေးတာမှာ ကိုဗစ်ရောဂါဖြစ်နေတာတွေ့ရတယ်။ သာစည်ဝန်ထမ်းမိသားစု တစ်စုက ဝန်ထမ်းဖြစ်သူ မိခင်နဲ့ ၂ နှစ်ခွဲအရွယ် သားတို့မှာလည်း ကိုဗစ်ပိုးတွေ့ရတယ်”

မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် သဒ္ဓမ္မဝံသာရုံစာသင်တိုက်(နဂါးရုံ)ဘုန်းတော်ကြီးကျောင်းက သံဃာ ၂ ပါးနဲ့ ကျောင်းတိုက်နေ အမျိုးသားတစ်ဦးကို မိတ္ထီလာခရိုင်ဆေးရုံ သီးသန့်ဆောင်မှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

အလားတူ    သာစည်မြို့ အမှတ်(၁)တိုးချဲ့ရပ်ကွက်နေ  မြို့နယ်စိမ်း/စိုဦးစီးဌာန ဝန်ထမ်း အမျိုးသမီးနဲ့ သားဖြစ်သူ ၂ နှစ်ခွဲကလေးငယ်တို့ကို သာစည်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

      ဇွန်လထဲမှာပဲ မိတ္ထီလာခရိုင်ထဲက ၄ မြို့နယ်ဖြစ်တဲ့ မလှိူင် ၆ ဦး၊ ဝမ်းတွင်း ၃ ဦး၊ မိတ္ထီလာ ၃ ဦးနဲ့ သာစည်က ၂ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားတာကြောင့် ကိုဗစ်ပိုးတွေ့ရှိသူပေါင်း ၁၄ ဦးရှိ နေပြီဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024