မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဇွန် ၂၄ ရက်က ကိုဗစ်- ၁၉ လူနာသစ် ၁ ဦး ထပ်မံတွေ့ ရှိရ တယ်လို့ မြို့နယ် ကိုဗစ်ကော်မတီက ထုတ်ပြန်ပါတယ်။
အခုလူနာဟာ ရဲတပ်ကြပ် တစ်ဦးရဲ့ သမီးဖြစ်ပြီး မီးရထားရဲဝန်ထမ်း ၇ ဦးနဲ့ ထိတွေ့ထားတဲ့ မိသားစုဝင်တွေထဲက contact ၁၇ ဦးကို RTD Kit နဲ့ ပထမ အကြိမ်စစ်ဆေးရာမှာ တွေ့ရှိရတာပါ။
အဆိုပါ စစ်ဆေးတဲ့အထဲကမှ ရေးမြို့ အ.ထ.က (၂)က ၈ တန်းကျောင်းသား တစ်ဦးကို ပထမအကြိမ်ဆေး စစ်ချက်အဖြေမှာ Negativeဖြစ်ပါတယ်။
အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာအားလုံးကို မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ပေး ကုသပေးမှာဖြစ်ပြီး သူတို့နဲ့ ထိတွေ့ထားသူအားလုံးကိုလည်း နေအိမ်မှာ ၁၄ ရက်အသွား အလာကန့်သတ်ထားပါတယ်။
ရေးမြို့မှာ အခုလို ကိုဗစ်- ၁၉ ပိုးတွေ ပြန်လည်တွေ့ရှိလာတဲ့အပေါ် ဒေသခံပြည်သူတွေက စိုးရိမ်စိတ်တွေ ရှိလာနေပေမဲ့ အသွားအလာတွေကတော့ ပုံမှန်အခြေနေမှာပဲ ရှိနေပါတယ်။
Photo- ကိုဗစ်ကော်မတီ