မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရှားတောကျေးရွာက ပြည်သူတစ်ယောက်ကို ဇွန်လ ၂၄ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။
ရှားတောကျေးရွာက သတင်းပေးဒလန်တွေရဲ့ တိုင်ကြားချက်အရ အပြစ်မဲ့ပြည်သူ တစ်ယောက်ဖြစ်တဲ့ ကိုညီညီအောင်ကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့တွေက ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ရှားတောရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကိုညီညီအောင်ကို ကားပေါ်မှာတင်ဖမ်းဆီးသွားသလို ရွာထဲမှာ လှည့်လည်မွှေနှောက်သွားကာ ရှားတောရွာက ဒေါက်တာကျော်ခိုင်ဦးရဲ့ နေအိမ်နဲ့ ဦးဟန်ငြိမ်းရဲ့ နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေသွားပါတယ်။
ပွင့်ဖြူမြို့နယ် ကျောင်းကုန်ကြီးကျေးရွာမှာ ဇွန်လ ၂၃ ရက်နေ့ကလည်း ဒလန်တွေက လက်နက်လုပ်တယ်လို့ သတင်းပေးတာကြောင့် ရေခဲချောင်းရောင်းတဲ့ လူငယ်တစ်ယောက်ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။