မန္တလေးမြို့မှာ ဇွန်လ ၂၂ ရက် ဒီမနက် ၈ နာရီလောက်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် နေရာတော်တော်များများမှာ လက်လုပ်မိုင်းတွေပေါက်ကွဲနေပြီး စစ်တပ်က သံချပ်ကာ ကားတွေနဲ့ပါ လှည့်နေကြပါတယ်။
ချမ်းမြသာစည်မြို့နယ် ၅၄ လမ်း၊ ၁၁၁ လမ်း နဲ့ ၁၁၂ လမ်းဘက်မှာ ပစ်ခတ်မှုတွေဖြစ်ပြီး ရဲစခန်း အနီးနဲ့စစ်ကောင်စီတပ်တွေ ကင်းပုန်းချရာနေရာ အနီးတွေမှာ လက်လုပ်ဗုံးပေါက်ခဲ့တာဖြစ်ပါတယ်။
ပြည်ကြီးတံခွန် အဆင့်မြင့်ရဲစခန်းအနီး ၊ မဟာအောင်မြေမြို့နယ် အမှတ် (၉) ရဲစခန်း အနီးတို့မှာ လက်လုပ်ဗုံးပေါက်ကွဲခဲ့ပါတယ်။
ဒါ့အပြင် ပစ်ခတ်မှုတွေဖြစ်ပြီးနောက် စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ သံချပ်ကာကားတွေနဲ့ပါ လှည့်လည်နေတဲ့အတွက် လမ်းမတချို့မှာ ကားတာယာမီးရှို့တား ဆီးတာတွေ လုပ်ထားကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့်လည်း အပြစ်မဲ့ အရပ်သားတွေ သေနတ်မှန်တာရှိတယ်လို့ သိရပါတယ်။