စစ်ကိုင်းတိုင်း မြောင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြတ်မွန်ရဲ့နေအိမ်ကို ဇွန် ၁၉ ရက်နေ့လယ်ပိုင်းက ရဲနဲ့စစ်တပ်က ဝင်ရောက် ရှာဖွေ ဖျက်ဆီးသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
"သူတို့ ဒေါ်အေးမြတ်မွန်ရဲ့ အိမ်ကို နေ့လယ်ကြီး တံခါးတွေ ဖျက်ဆီးရှာဖွေတယ်။ နောက်ပြီး အိမ်ထဲကနေ သူတို့ လိုချင်တာယူသွားကြတယ်။ပစ္စည်းတွေလည်း အိမ်ထဲမှာ ရှုပ်ပွနေတယ်။"လို့ ဒေသခံက ဆိုပါတယ်။
ဒေါ်အေးမြတ်မွန်ဟာ မြောင်မြို့နယ် မယ်မသော်ကျေးရွာမှာ နေထိုင်တဲ့ တိုင်းလွှတ်တော် အမတ်တစ်ဦးဖြစ်ပါတယ်။
သူဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရမှာကြောင့် နေရပ်ကနေ ဘေးလွှတ်ရာကို ရှောင်နေရ ပါတယ်။