မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း လောကဟိတပရဟိတအသင်းဝင် ကိုကျော်တူးကို အကြမ်းဖက်စစ်အုပ်စုက ဇွန်လ ၁၉ ရက်မှာ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့တုန်းက ဒဏ်ရာရသူစာရင်း သိချင်တာကြောင့် အကြမ်းဖက်စစ်အုပ်စုက လောကဟိတ ပရဟိတအသင်းရုံးထဲကို ဝင်လာပြီး ရုံးမှာရှိနေတဲ့ ကိုကျော်တူးကို ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းက ပါရမီ လူမှုကူညီရေးအသင်းကိုလည်း အကြမ်းဖက်စစ်အုပ်စုက ဝင်ရှာပြီး ဒဏ်ရာရသူစာရင်းတွေ မေးမြန်းသွားတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက နေရာအနှံ့ ရပ်ကွက်အလိုက် တပ်ချပြီး စစ်သားတွေက အရပ်ဝတ်နဲ့ လိုက်လံစစ်ဆေးနေတယ်လို့ သိရပါတယ်။